ရွေးချယ်စရာ တစ်ခုပဲ
ရှိခဲ့လို့ ဘဝမှာ ရင်နာနာနဲ့ ရက်ရက်စက်စက် ဆုံဖြတ်ချက်တွေ ချခဲ့ရတဲ့ အချိန်တစ်ခု လူတိုင်းလိုလိုမှာ
ရှိတယ်။ တကယ်ပဲ ဘဝမှာ ရွေးချယ်စရာတွေ အများကြီးရှိခဲ့လား။ ရွေးချယ်မှု၊ တစ်နည်းအားဖြင့်
ဆုံးဖြတ်ချက်ဆိုပါတော့။ အဲ့ဒီအရာတွေက အမြဲတမ်း ပြည့်ပြည့်ဝဝ ရွေးချယ်ခွင့် ပေးခဲ့ရဲ့လား၊
ကြုံဖူးမှာပေါ့..၊
ကြိုက်တာ ရွေးချယ်ပါ ဆိုပြီး ရွေးချယ်စရာတွေ ချပေးပေမယ့် .. ကိုယ်စိတ်ထဲမှာတော့ အဖြေက တစ်ခုတည်း
ရွေးချယ်လို့ ရနေတာမျိုး၊ အဲ့ဒါမျိုးကို ရွေးချယ် ခိုင်းတယ်လို့ ပြောလို့ရလား၊ ဒါက
အနှစ်သာရ အရ မေးခွန်းထုတ်တာပါ။ လက်တွေ့မှာတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ရွေးချယ်စရာ တစ်ခုပဲရှိလို့
ဖြစ်ဖြစ် အဲ့ဒီလို ဆုံးဖြတ်ခဲ့ရလည်း အဲ့ဒါဟာ ကျွန်တော်တို့ ရွေးချယ်မှုပဲ ဖြစ်သွားတယ်။
ကျွန်တော်တို့ ဆုံးဖြတ်ချက်ပဲ ဖြစ်သွားတယ်။
တချို့သော ရွေးချယ်မှုတွေ၊
ဆုံးဖြတ်ချက်တွေ ကျြပန်တော့လည်း မှန်တယ်၊ မှားတယ် ပြောလို့မရပြန်ဘူး။ သတ္တိရှိရှိ ဆုံးဖြတ်ခဲ့မှုလို့ပဲ
ပြောလို့ရတယ်။ နောက်တစ်ချက် အဲ့ဒီ ရွေးချယ်မှုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ကောင်းကျိုး
ဆိုးကျိုးတွေကို ပြောလို့ရတယ်။ ကောင်းကျိုးတွေများပြီး ဆိုးကျိုးတွေ နည်းခဲ့ရင်တောင်
အဲ့ဒီလို ရွေးချယ်မှုမျိုးတွေဟာ မှန်ခဲ့လား မှားခဲ့လား ပြောလို့မရသေးပြန်ဘူး။
ကိုယ်တိုင် ဆုံးဖြတ်ခွင့်
ရှိတယ် ဆိုပေမယ့် ဘ၀မှာ ဘာကိုပဲ ရွေးချယ် ရွေးချယ် … အဆင်ပြေတယ်ဆိုတဲ့ အခြေအနေတွေက
သိပ်တော့ အများကြီး မရှိခဲ့ဘူးရယ်..။ တော်တော်
နည်းပါတယ်။ ရွေးချယ်မှုတွေက မှန်ဖို့ လိုတယ်။ ရွေးချယ်မှုတွေက တုံ့ဆိုင်းနေလို့ မရဘူး။
ဒီလို အကြောင်းတရားတွေကြောင့် ရွေးချယ်မှု တော်တော်များများဟာ ရွေးချယ်ခွင့်ရှိပေမယ့်လည်း
တကယ် ရွေးချယ်ရတဲ့အခါ တစ်ခုတည်းကိုပဲ ရွေးချယ်ရသလို ဖြစ်သွားစေတယ်။
အများအားဖြင့်
အဖြေတစ်ခုပဲ ရှိတဲ့ အရာတွေကို ကျွန်တော်တို့က ရွေးချယ်ပေးနေရတယ်။ ပြီးရင် အဲ့ဒီရွေးချယ်မှုမှာ
ကိုယ်က တာ၀န်ခံရတယ်။ မတရားပေမယ့်လည်း ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့က ရွေးချယ်
နေတာလား ကျွန်တော့်တို့ကို ရွေးချယ် နေတာလား၊ တစ်ခါတလေတော့လည်း လမ်းပျောက်တယ်ဗျာ။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments