တပည့်က ဆရာ့ကို မေးခွန်း တစ်ခု ထုတ်လိုက်တယ်။
ဆရာက
"မင်းမေးခွန်းကို ဖြေရမယ်ဆိုရင် ဂျုံခင်းကိုသွား၊
အကောင်းဆုံး ဂျုံကို ရွေး ယူခဲ့၊ ပြီရင် ပြန်လာ၊ စည်းမျဉ်း တစ်ခု ရှိတယ်။ မင်း စိတ်ကြိုက်
လိုက်ရှာလို့ရတယ် ၊ ဒါပေမယ့် မင်း ဖြတ်သွားတဲ့ ဂျုံတွေကို နောက်မှ ပြန်လှည့်ပီး ယူခွင့်မရှိဘူး"
တပည့်ဖြစ်သူလည်း ဂျုံခင်းထဲကို ထွက်သွားခဲ့တယ်။
စိုက်ခင်းလည်း ရောက်ကော ၊ ပထမဆုံး အတန်းမှာတင် အကြီးဆုံး ဂျုံကို တွေ့လိုက်ရတယ်။ တွေ့တွေ့ချင်းလည်း
ကြိုက်သွားတယ်။ ဒါပေမယ့် ရှေ့မှာ အဲ့ထက် ပို ကောင်းတဲ့ ဂျုံတွေ ရှိဦးမယ်လို့ မျှော်လင့်ထားတယ်။
ဒီလိုနဲ့ ဆက်လျှောက်သွားခဲ့တယ်။ အဲ့ဒီနောက် ပထမ သူတွေ့ခဲ့တဲ့ အကောင်းဆုံးဆိုတဲ့ ဂျုံထက်
ပိုကောင်းတဲ့ ဂျုံကို ထပ်တွေ့ခဲ့တယ်။ ဒါပေမယ့် သူထပ်တွေးခဲ့တယ်။ ဒီထက် ပိုကောင်းတဲ့
အရာက သူ့ကို စောင့်နေဦးမယ်ပေါ့။
အချိန်တစ်ခုကြာတော့ သူလျှောက်လာခဲ့တာ ဂျုံခင်း
တစ်ဝက်တောင် ကျော်လာခဲ့ပြီ။ သူ သတိထားမိလာတယ်။ သူထပ်တွေ့နေရတဲ့ ဂျုံတွေဟာ ရှေ့မှာ သူ့လက်လွှတ်ခဲ့တဲ့
ဂျုံလောက် မကောင်းတော့ဘူး ဆိုတာကိုပေါ့။ နောက်ဆုံး သူသိသွားတယ်။ သူ အကောင်းဆုံးတစ်ခုကို
ကျောခိုင်းခဲ့မိပြီ။
ဒါကြောင့် သူလည်း ရှေ့ဆက်မသွားတော့ဘဲ လက်ဗလာနဲ့
ဆရာ့ဆီ ပြန်လာခဲ့တယ်။ အကောင်းဆုံး တစ်ခုကို ကျောခိုင်းခဲ့မိတဲ့ အတွက် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ဖြစ်နေတယ်။
ဆရာ့ကိုလည်း အကြောင်းစုံ ပြောပြခဲ့တယ်။
ဆရာက
"မင်းက ပိုကောင်းတဲ့ တစ်ခုကို ရှာနေတဲ့အချိန်မှာ
အကောင်းဆုံး တစ်ခုကို ဆုံးရှုံးလိုက်ရတယ်၊ နောက်တော့ မင်နားလည်သွားတယ်။ ဒါပေမယ့် မင်းပြန်သွားလို့
မရတော့ဘူး … ဒါဟာ အချစ်နဲ့ဆုံဖူးတဲ့ လူတိုင်းလိုလို
ကြုံဖူးတယ်၊ ဘဝမှာ ရနိုင်တဲ့ အကောင်းဆုံး လူကို ဆုံးရှုံးဖူးတယ်။"
တပည့်က မေးခွန်းတစ်ခု မေးလိုက်တယ်။
"ဘယ်သူ့ကိုမှ မချစ်သင့်ဘူးလို့ ဆိုလိုတာလား?"
ဆရာက
"မဟုတ်ဘူး လူတိုင်းလိုလို သင့်တော်တဲ့သူနဲ့တွေ့ရင်
ချစ်နိုင်တာပဲ၊ ဒါပေမယ့် မင်းသာ တကယ်ချစ်ရင် သူ့ကို လက်လွှတ်မှာ မဟုတ်ဘူး၊ အထူးသဖြင့်
မင်းရဲ့ ဒေါသ၊ အတ္တ၊ တခြား တစ်ခုနဲ့ နှိုင်းယှဉ်တဲ့ အကြောင်း တရားတွေ အတွက်နဲ့ပေါ့"
တပည့်က ထပ်မေးပါတယ်။
"ဒါဆို ကိုယ်ချစ်တဲ့သူနဲ့ပဲ ဘယ်လို လက်ထပ်နိုင်မလဲ"
ဆရာက
"မင်းမေးခွန်းကို ဖြေရမယ်ဆိုရင် အခု
.. ပြောင်းခင်းကိုသွား၊ အကောင်းဆုံး ပြောင်းဖူး တစ်ဖူးကို ရှာခဲ့၊ ပြီးရင် ပြန်လာ?
ခုနက စည်းမျဉ်းအတိုင်းပဲနော်"
တပည့်ဖြစ်သူလည်း ပြောင်းခင်းထဲကို ထွက်သွားခဲ့တယ်။
ခုနကလို အမှားမျိုး နောက်တစ်ကြိမ်မဖြစ်အောင်တော့ သူ ဂရုတစိုက်ကြည့်တယ်။ ပြောင်းခင်း
အလယ်လောက် ရောက်တော့ သူစိတ်ထဲ ကျေနပ်တဲ့ ပုံမှန် ပြောင်းဖူး တစ်ဖူးကို ယူ လိုက်တယ်။
ပြီးတော့ ဆရာ့ဆီပြန်လာခဲ့တယ်။
"ဒီတစ်ခါတော့ လက်ဗလာ မဟုတ်တော့ပါလား?"
ဆရာက ပြောတယ်။
တစ်ဆက်တည်း ထပ်ပြောတယ်။
"မင်း … အရင်လို လောဘ မကြီးတော့ဘဲ အဆင်ပြေတာကိုပဲ
တွေးပီး မင်း ရှာခဲ့တယ် ပြီးတော့ အဲ့တာကိုလည်း မင်းရနိုင်တဲ့ အကောင်းဆုံး တစ်ခုလို့
ယုံကြည်တယ်။ ဒါဟာ လက်ထပ်ဖို့အတွက် ရွေးချယ်မှုကို ဘယ်လိုလုပ်ကြလဲ ဆိုတာပဲ"
တပည့်က နည်းနည်း ရှုပ်သလိုလို ဖြစ်သွားတယ်။
ပြီးတော့ ..
"ချစ်တဲ့သူကို လက်ထပ်တာနဲ့ လက်ထပ်တဲ့သူကို
ချစ်တာ ဘယ်ဟာက ပိုကောင်းလဲ ကျွန်တော် တွေးမိနေတယ်"
"မင်းသာ ၀န်ခံချင်ရင် .. အဲ့အဖြေကို
မင်း ဖြေဖို့ လွယ်ပါတယ် "
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
ဇာတ်လမ်းလေးက ဒီမှာတင်ပြီးသွားပါတယ်။ ကျွန်တော်
ဘာမှတ်ချက်မှ မထည့်တော့ပါဘူး။ စာဖတ်သူဘက်က လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်သလိုပဲ ယူဆလို့
ရအောင်ပါ။ English Story Site တစ်ခုမှာ ဖတ်ခဲ့ရတဲ့ ဇာတ်လမ်းလေးကို ဘာသာပြန်ထားတာပါ။
0 Comments