"ဘဝဟာ
.. စိတ်ဒုက္ခ ရောက်စရာတွေချည်းပဲ .. အဖေ"
ဖခင်က
သမီးမျက်နှာကို ကြည့်ပြီး ပြုံးနေသည်။
"ဘယ်လို
ရှင်သန်ရမလဲတောင် .. မသိတော့"
တစ်ခါတရံ
ဘဝဆိုသည်မှာ ပြဿနာတစ်ခု ပြေလည်ခဲ့ပြီးရင် နောက်တစ်ခုက အဆင်သင့်ရောက် နေတတ်သည်။ ရှင်သန်နေသ၍တော့
ပြဿနာများနှင့် ကြုံတွေ့နေရဦးမည်။ ဖခင်ဖြစ်သူက ရေထည့်ထားသည့် အိုး ၃ အိုး ကို မီးဖိုးပေါ်
တင်လိုက်သည်။
ထို့နောက်
ပထမ အိုးထဲသို့ အာလူးများ ထည့်လိုက်သည်။
ဒုတိယ
အိုးထဲသို့ ကြက်ဥများ ထည့်လိုက်သည်။
တတိယ
အိုးထဲသို့ ကော်ဖီများ ထည့်လိုက်သည်။
သားအဖ
နှစ်ယောက်လုံး တိတ်ဆိတ်နေပြီး ရေဆူသည့်အထိ စောင့်နေသည်။
အချိန်
နည်းနည်း ကြာလာတော့ အိုးထဲတွင် ထည့်ထားသော အရာများ အားလုံးကို အပြင် ထုတ်လိုက်သည်။
အာလူးနှင့်
ကြက်ဥတို့ကို သက်သက် ပန်းကန်များပေါ် တွင်ထည့်ထားသည်။ ကော်ဖီကိုတော့ ခွက်ထဲ ထည့်ထားလိုက်သည်။
"ဘာမြင်လဲ
.. သမီး"
"အာလူးရယ်၊
ကြက်ဥရယ်၊ ကော်ဖီရယ် မြင်တယ် အဖေ"
"သေချာလေး
.. ကြည့်ပြီး အသေးစိတ် ပြောလေ .. အာလူးကို ထိကြည့်ပါဦး"
သမီးဖြစ်သူလည်း
အာလူးကို ထိကြည့်လိုက်သည့်အခါ .. နူးညံ့မှုကို ခံစားလိုက်ရသည်။ အနားတွင် ကျက်သွားသည့်
ကြက်ဉ တစ်လုံး၊ ထို့နောက် ကော်ဖီခွက်ကိုကြည့်ပြီး ပြုံးသွားသည်။
"အဖေ
.. ဘာပြောချင်တာလဲ"
"အာလူးရော၊
ကြက်ဥရော၊ ကော်ဖီပါ တူညီတဲ့ အပူချိန်ကို ခံစားခဲ့ရတယ် … ဒါပေမယ့် သူတို့ တစ်ယောက်နဲ့
တစ်ယောက် တုံ့ပြန်ပုံတော့ မတူခဲ့ ကြဘူး ..၊ အာလူးက မာတယ် ဒါပေမယ့် ရေဆူထဲမှာတော့ သူက
အားနည်းသွားတယ်၊ ကြက်ဥကတော့ ဒီတိုင်းဆို ကွဲလွယ်တယ်၊ အခွံမာနဲ့ သူရဲ့ နူးညံ့တဲ့ အထဲက
အရာတွေကို ကာကွယ်ပေးထားတယ်၊ ရေပူတဲ့ ထဲရောက်သွားပြီးရင်တော့ သူက ပိုပြီး မာသွားတယ်၊
ကွဲလွယ်တဲ့ အရာ မဟုတ်တော့ပြန်ဘူး၊ ဒါပေမယ့် ကော်ဖီကျ ထူးခြားတယ်၊ သူ့ကို ရေဆူနဲ့ ပြုတ်လိုက်ရင်
သူက အဲ့ဒီရေကို တန်ပြန် ထိတွေ့တယ်၊ ပြီးရင်
ရေကိုပါ ပြောင်းလဲပစ်တယ်၊ အသစ်တစ်ခုကို ဖန်တီးလိုက်တယ်"
သမီးဖြစ်သူ
တစ်ခုခုကို သဘောပေါက်သွားဟန်နှင့် ပြုံးနေသည်။
"ဒုက္ခတွေက
အခန်းဝကို ရောက်လာခဲ့ရင် မင်း ဘယ်လို တုံ့ပြန်မလဲ ..၊ မင်းက အာလူးလား။ ကြက်ဥလား၊ ကော်ဖီလား?"
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Ref : Struggles of our Life By Moral Story
0 Comments