အတိတ်တွေက .. ကော်ဖီခွက်ရှေ့ ရောက်ရောက် လာတယ်။
အလွမ်းတွေက အဲ့ဒီထဲကို … ပျော်ဝင်သွားတယ်။
ထီးလေးတစ်ချောင်းနဲ့ မိုးရေတွေ စိုခဲ့ကြတယ်။
ရေတွေ စိုခဲ့ပေမယ့် လက်တွေတော့ တွဲထားခဲ့တယ်။
မတရားဘူး ဆိုတဲ့ အရာ အစ၊ အလယ်၊ အဆုံး မရှိခဲ့ဘူး။
Bus ကားပေါ် ရောက်တိုင်းလည်း ဘေးခုံကို ကြည့်နေမိတယ်။
မှန်မှာကပ်နေတဲ့ ရေစက်လေးတွေကိုလည်း ရေတွက်မိနေတုန်း..၊
ရေစိုနေတဲ့ ပလက်ဖောင်းတွေပေါ်မှာ လမ်းလျှောက်နေရရင် ပျော်နေဆဲပါ။
သစ်ရွက်လေးတွေရဲ့ အဖျားက တွဲလျက်ခိုနေတဲ့ ရေစက်လေးတွေ ထဲမှာလည်း
ပုံရိပ်လေးတွေ ရှိနေဆဲနော် ..၊
ကောင်ကင်ကြီးကို ကြည့်မိတယ်။
သူငိုရင် .. မင်းကို သတိရတယ်။
ပြုံးလိုက်တိုင်း … သိပ်လှတဲ့ ချစ်သူလေးရေ ..၊
ကျောင်းရှေ့မှာ မိုးတွေရွာနေပြန်ပြီကွာ ..၊
အတိတ်တွေက .. ကော်ဖီခွက်ရှေ့ ရောက်ရောက် လာတယ်။
အလွမ်းတွေက အဲ့ဒီထဲကို … ပျော်ဝင်သွားတယ်။
ကော်ဖီခါးခါးတစ်ခွက်က အမြဲတမ်း ချိုမြိန်နေတုန်းပဲ။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
0 Comments