အောင်မြင်ချင်လို့ စာရေးတာ မဟုတ်ပါဘူး တို့ အောင်မြင်ချင်လို့ ဟိုဟာလုပ်တာ မဟုတ်ပါဘူးတို့ အောင်မြင်ချင်လို့ ဒီဟာလုပ်တာ မဟုတ်ပါဘူးတို့ ပြောဆိုနေကြတာတွေလည်း ကြားဖူးတယ်။ ကိုယ်တိုင်လည်း မင်းက အောင်မြင်ချင်လို့ စာရေးတာလား အမေးခံရဖူးတယ်။ တကယ်တော့ အောင်မြင်မှု ဆိုတာ သီသန့်ရပ်တည်နေတဲ့ အရာမဟုတ်ပါဘူး။ လုပ်ငန်းဆောင်တာ တစ်ခုခုရဲ့ ကောင်းမွန်တဲ့ ရလဒ်တစ်ခုကို အောင်မြင်မှုလို့ သတ်မှတ်နိုင်တယ်။
ဘောလုံးသမား တစ်ယောက် ခြေစွမ်းပြတယ်။ အသင်းအတွက် ကောင်းမွန်တဲ့ ရလဒ်တွေ စွမ်းဆောင်ပေးလာနိုင်တာကြောင့် အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်လာတယ်။ အသင်းတော်တော်များများကလည်း စိတ်ဝင်စားလာတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာတဲ့ ကောင်းမွန်တဲ့ ရလဒ်တွေပါ။ ဒါတွေဟာ သူ့ရဲ့အောင်မြင်မှုတွေပဲ။ ဒါ့ကြောင့် သူ့ကို အောင်မြင်ချင်လား မေးရင် အောင်မြင်ချင်တယ် ပြောမှာပဲ။ ဒါကို
မင်းဘောလုံးကန်တာ အောင်မြင်ချင်လို့လား လို့ မေးမလား?
ဘောလုံးကန်တဲ့ နေရာမှာ အောင်မြင်ချင်လားလို့ မေးမလား?
စီးပွားရေး လုပ်တယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းတစ်ခု ဈေးကွက်ထဲမှာ ကောင်းမွန်စွာ ရပ်တည်လည်ပတ်နိုင်အောင် ဈေးကွက်ချဲ့ထွင်ရေး နည်ဗျူဟာတွေ ချမှတ်တယ်။ ကောင်းမွန်တဲ့ ရေတို ရေရှည်စီမံကိန်းတွေ ချမှတ်တယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းကဈေးကွက်ထဲမှာ ကောင်းမွန်စွာ ရပ်တည်နိုင်ပြီး လူသားတွေအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုတဲ့အတွက် ကုမ္ပဏီအနေနဲ့ ပုံရိပ်မြင့်တက်လာနိုင်သလို ငွေသားအမြတ်အစွန်းတွေလည်း ရလာနိုင်ပါတယ်။ ဒါတွေဟာ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာတဲ့ ကောင်းမွန်တဲ့ ရလဒ်တွေပါ။ ဒါတွေဟာ သူ့ရဲ့အောင်မြင်မှုတွေပဲ။ ဒါ့ကြောင့် သူ့ကို အောင်မြင်ချင်လား မေးရင် အောင်မြင်ချင်တယ် ပြောမှာပဲ။ ဒါကို
မင်း စီးပွားရေးလုပ်တာ အောင်မြင်ချင်လို့လား လို့ မေးမလား?
မင်း စီးပွားရေးလုပ်တဲ့ နေရာမှာ အောင်မြင်ချင်လား လို့ မေးမလား?
စာရေးသူတစ်ယောက် စာတွေရေးတယ်။ သူရေးတဲ့စာတွေကို လူတွေအများကြီး နှစ်သက်ကြတယ်။ သူ့စာတွေကလည်း လူတွေအတွက် တစ်စုံတစ်ရာ အသိတွေ ပေးနိုင်တယ်။ ဒါတွေဟာ သူ့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာတဲ့ ကောင်းမွန်းတဲ့ ရလဒ်တွေပါ။ ဒါသူ့ရဲ့ အောင်မြင်မှုပဲ။ ဒါ့ကြောင့် သူ့ကို အောင်မြင်ချင်လား မေးရင် အောင်မြင်ချင်တယ် ပြောမှာပဲ။ ဒါကို
စာရေးတာ အောင်မြင်ချင်လို့လား လို့ မေးမလား?
စာရေးသူဘဝမှာ အောင်မြင်ချင်လား လို့ မေးမလား?
ဒါ့ကြောင့် အောင်မြင်ချင်တယ် ပြောတာ အထင်သေးစရာမဟုတ်ဘူး။ အောင်မြင်ချင်စိတ် ရှိတဲ့သူတွေဟာ အောင်မြင်ဖို့ အခွင့်အရေး ပိုများပါတယ်။ ဒါဟာ အားရကျေနပ်စရာ ကောင်းတဲ့ အခြေအနေ တစ်ခုပါ။ ဒီလိုမေးခွန်းတွေကြောင့် အောင်မြင်ချင်စိတ်တွေ လျော့မသွားစေချင်ဘူး။ မေးခွန်းတစ်ခုနဲ့ ခြေထိုးခံရတဲ့ အဖြစ်မျိုးတွေလည်း ရှိတတ်ပါတယ်။ တွေးဆ ဆင်ခြင်နိုင်ကြပါစေ။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Social Plugin