တစ်ခါတုန်းက ထက်မြက်ပြီး ကြင်နာတတ်တဲ့ ဘုရင်တစ်ပါးရှိတယ်။ သူ့ရဲ့ အရည်အချင်းတွေကြောင့် တိုင်းသူ ပြည်သား တွေဟာလည်း ပျော်ရွှင်ကျန်းမာတဲ့ ဘဝကိုယ်စီ ပိုင်ဆိုင်ခွင့် ရကြတယ်။ ဒါပေမယ့် ဘုရင်ကြီးမှာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိနေတယ်။ သူ့မှာ ခြေထောက် တစ်ဖက်နဲ့ မျက်စီ တစ်လုံးပဲ ရှိတယ်။

တစ်နေ့တော့ ဘုရင်ကြီး သူ့ရဲ့ နန်းဆောင်မကြီးမှာ ရှိနေတဲ့အချိန်ပေါ့။ နန်းဆောင် နံရံမှာ ချိတ်ထားတဲ့ သူ့ရဲ့ ဘိုးဘေး ဘီဘင်တွေရဲ့ ပုံတူပန်းချီကားတွေကို ကြည့်ပြီး အတိတ်က ဘိုးဘေးတွေကို သတိရလာတယ်။ ပြီးတော့ သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာတယ်။ သူ့ရဲ့ သားတော်ဟာလည်း တစ်နေ့ ဘုရင် ဖြစ်လာပြီး ဒီနေရာရောက်ရင် ဒီလိုပုံတူ ပန်းချီကားတွေကို ကြည့်ပြီး သူအပါအဝင် သူ့ရဲ့ ဘိုးဘေးတွေကို ပြန် သတိ ရနေစေချင်တယ်။

ဒါပေမယ့် ဘုရင်ကြီးမှာ ပုံတူပန်းချီကား တစ်ချပ်မှာ ရှိဘူး။ သူ့ရဲ့ ခြေထောက် တစ်ဖက်နဲ့ မျက်စိ တစ်လုံးပဲ ရှိတဲ့  ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် ပုံတူ ပန်းချီကားဟာ ဘယ်လိုထွက်လာမလဲ သူကိုယ်တိုင်တောင် မမှန်းဆတတ်ဘူး ဖြစ်နေတယ်။

အဲ့ဒါကြောင့် သူရဲ့ တိုင်းပြည်ကသာမက တစ်ခြားတိုင်းပြည်တွေက ပန်းချီဆရာတွေကိုပါ သူ့နန်းတော်ထဲကို ဖိတ်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ နန်းတော်ထဲမှာ ထားဖို့အတွက် ဘုရင်ကြီးရဲ့ လှပတဲ့ ပုံတူပန်းချီကား တစ်ချပ် လိုချင်တဲ့အကြောင်း ကြေငြာချက် ထုတ်လိုက်တယ်။ ဆွဲနိုင်တဲ့သူကိုလည်း ဆုလာဘ်တွေ ချီးမြင့်မယ်ပေါ့။

အနယ်နယ် အရပ်ရပ်က ပန်းချီဆရာတွေက တွေးကြတယ်။ ဘုရင်ကြီးမှာ ခြေထောက် တစ်ဖက်နဲ့ မျက်စိ တစ်လုံးပဲ ရှိတယ်။ ပုံတူ ပန်းချီကားက ဘယ်လိုလုပ် လှနိုင်တော့မလဲ။ မဖြစ်နိုင်ဘူး။ အကယ်၍ ဆွဲပြီးမှ သူ့မျှော်လင့်သလို လှပတဲ့ ပုံတူပန်းချီကား တစ်ချပ် ထွက်မလာဘူးဆိုရင် မင်းမျက်သင့်မယ်။ အပြစ်ပေး ခံရမယ်။ ဒါ့ကြောင့် ပန်းချီဆရာတွေ တစ်ယောက်ပြီး တစ်ယောက်ဟာ ဆင်ခြေ အမျိုးမျိုးပေးပြီး ပါးနပ်စွာ ငြင်းပယ်ကြတယ်။

ဒါပေမယ့် အားလုံးထဲက ပန်းချီဆရာ တစ်ယောက်ဟာ လက်ထောင်လိုက်တယ်။ ဘုရင်ကြီးအတွက် လှပတဲ့ ပန်းချီကားတစ်ချပ် ဆွဲပေးမယ်။ ဘုရင်ကြီးလည်း ကြိုက်စေရမယ်ပေါ့။ သူက ဒီလို အခိုင်အမာ ပြောတော့ ဘုရင်ကြီးလည်း ဝမ်းသာသွားတယ်။ ဘုရင်ကြီးက သူ့ကို ခွင့်ပြုလိုက်တဲ့အခါ သူလည်း ဘုရင်ကြီးရဲ့ ပုံတူကို စဆွဲပါတယ်။

တစ်ခြား ပန်းချီဆရာကတော့ ဒီကောင်က ဘာလား ဆိုတဲ့ အကြည့်နဲ့ သူ့ကို ကြည့်နေကြတယ်။
အချိန်တစ်ခုကြာတော့ ပုံတူ ပန်းချီကားဟာ ပြီးသွားပါတယ်။

မူးကြီး မတ်ရာတွေကလည်း ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိနေတဲ့ ဘုရင်ကြီးရဲ့ ပုံတူဟာ ဘယ်လိုများ လှပနေမလဲပေါ့။ စူးစမ်းနေတဲ့ မျက်လုံးတွေနဲ့ ပန်းချီဆရာဆီက ထွက်လာမယ့် ပုံကို စောင့်မျှော် နေပါတော့တယ်။ ပန်ချီဆရာက ဘုရင်ကြီးရဲ့ ပုံတူ ပန်းချီကားကို အားလုံးကို ပြလိုက်တဲ့အခါ နန်းတော်ထဲမှာ ရှိတဲ့လူ အားလုံး (ဘုရင်ကြီး အပါအဝင်) ပါးစပ်အဟောင်းသား ငြိမ်သက် သွားပါတယ်။

ပန်းချီဆရာ ဆွဲခဲ့တဲ့ ပုံထဲမှာ ဘုရင်ကြီးဟာ မြင်းပေါ်ကနေ ခန္ဓာကိုယ်ကို တစ်ခြမ်းစောင်းပြီး လေးတင် ချိန်ရွယ် ထားတဲ့ ပုံပါ။ ဒါ့ကြောင့် ပုံထဲမှာ ဘုရင်ကြီးရဲ့ ခြေထောက် တစ်ဖက်နဲ့ မျက်စိ တစ်လုံးကိုပဲ မြင်ရပါတယ်။ ဘုရင်ကြီးဟာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေကို လိမ္မာပါးနပ်စွာ ဖုံးကွယ်ခဲ့တဲ့ ပန်းချီဆရာကို အလွန်း နှစ်သက် သဘောကျပြီး ဆုလာဘ်တွေ ချီးမြှင့်ပါတော့တယ်။

ဒီပုံပြင်လေးကို ဖတ်လိုက်ရတော့ စိတ်ထဲမှာတွေ မိးတာက ကျွန်တော်တို့က ချို့ယွင်းချက်တွေအပေါ် အားရုံစိုက်လွန်းနေတယ်။ ချို့ယွင်းချက်တွေကို မျက်ကွယ်ပြုပြီး တစ်ခြားသော တစ်ဖက်က အားသာချက်တွေကိုလည်း တွေးသင့်တယ်။ အားနည်းချက်တွေကို ဖုံးကွယ်ဖို့ထက် ကောင်းတဲ့ အရာလေးတွေကို ကွက်ပြီး အာရုံထားသင့်တယ်။ ဆိုးရွာတဲ့ အခြေအနေ တစ်ခုကို ကောင်မွန်တဲ့ အပြုသဘော အမြင်နဲ့ ချဉ်းကပ်ရင် ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿာနာတွေကို ပိုပြီး ထိရောက်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။

ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

အင်္ဂလိပ် ပုံပြင် Website ဖတ်ခဲ့ရတဲ့ ပုံပြင်လေး တစ်ပုဒ်ကို ဆီလျော်သလိုလေး ဘာသာပြန်ထားတာပါ။
https://www.moralstories.org/a-kings-painting/