အခန်း (၁)
နံနက်စောစော ဖြစ်၍ အရှေ့အရပ်မှ ထွက်လာသော နေမင်းကြီး၏ အလင်းရောင်တို့သည်
ရွှေရောင်သန်းလျှက် ရှိသည်။ အရောင်အသွေး စုံလင်လှသည့် သစ်ပင်၊ ပန်းပင်များနှင့်အတူ အ.ထ.က(၁)ပဲခူး၏ နီနီရဲရဲ ဆယ်တန်းဆောင်ကြီး ...။ အဖြူ၊ အစိမ်း စသော အရောင်တို့နှင့် ပျံ့ကျဲလျက်ရှိနေသော ရွှေမော်ဓောဘုရားလမ်း၏ နံနက်ခင်းအလှ ...။
ယခု သတင်းပတ် အတွက် အဆောင်ဂျူတီ တာဝန်ကို ကျွန်တော်တို့ ဒသမတန်း (E)ခန်းမှ ထမ်းဆောင်ရမည်။ ဒီတစ်ပတ်လုံး စောစော ကျောင်းလာ၍ ကျောင်းရှေ့က သစ်ရွက်ခြောက်တွေ လှည်း၊ ရှည်နေတဲ့ မြက်တွေနှုတ်၊ ဆရာ ဆရာမများ နားနေဆောင်များမှ ဝေရာဝစ္စများ၊ ကျောင်းသန့်စင်ခန်းများ သန့်ရှင်းရေး လုပ်ငန်းများ
ဆောင်ရွက်ရမည်။ အတန်းပိုင် ဆရာမကတော့ ပြီးခဲ့တဲ့ သောကြာနေ့ ကတည်းက အတန်းသူ အတန်းသားများ အားလုံးကို တာဝန်များ စနစ်တကျ ခွဲဝေထားခဲ့ပြီး ဖြစ်သည်။ အရင် အဆောင်ဂျူတီ ကျစဉ်အခါက ကျွန်တော်တို့ အတန်းပိုင်ဆရာမသည် အမြဲစောစော ရောက်နေလေ့ရှိသည်။ ယနေ့တော့ တီချယ် နေမကောင်းလို့များလား ...။
"ကဲ ငါတို့ ဆင်းကြမယ်"
မော်နီတာမှ ဦးဆောင်လျှက် အတန်းသူ အတန်းသားများအားလုံး မိမိတို့ လုပ်ဆောင်ရမည့် တာဝန်ကျရာ နေရာများသို့ စတင်ထွက်ခွာကြတော့သည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုလည်း ကျောင်းရှေ့မှာ မြက်ပင်များ ဦးစွာနှုတ်နေလိုက်သည်။ စကားလေးပြောလိုက် ... မြက်လေး နှုတ်လိုက် ... ခပ်လှလှကောင်မလေးတွေ တွေ့ရင် ငေးလိုက်နှင့် အတော် ဟန်ကျသည်။
"ဟဲ့ရောင် ဘာလို့ ခင်မာသက် ကို ကြည့်နေတာလဲကွာ"
ရုတ်တရက် ထွက်လာသော အသံကျယ်ကျယ်ကြောင့် ကျွန်တော် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်တော့သည်။ ချက်ချင်း ခေါင်းကို ငုံ့ပြီး မြက်ဆက် နှုတ်နေလိုက်တော့သည်။ သူငယ်ချင်း အချင်းချင်း စကြ နောက်ကြဟု ဆိုရာဝယ် သေးသေးပိစိ ညှောက်တောက် ကိစ္စလောက်ကို စနောက်လေ့မရှိ ...။ ယခုကဲ့သို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နိုင်သော အရာများကို စနောက်လေ့ရှိသည်။ ထုံးစံမို့ ထွေထွေ ထူးထူးတော့ ပြဿနာမရှိပေ။
စာကြည့်တိုက် သန့်ရှင်းရေး လုပ်နေတဲ့သူတွေကလည်း သူ့အဖွဲ့နဲ့သူ၊ ဆရာ/ဆရာမတွေနားနေခန်း ဝေရာဝစ္စ လုပ်နေတဲ့ သူတွေကလည်း သူ့အဖွဲ့နဲ့သူ၊ ကျောင်းအုပ် ဆရာမကြီး ရုံးခန်း အတွက်လည်း သူ့အဖွဲ့နဲ့သူ၊
ကျောင်းရှေ့က သစ်ရွက်ခြောက်လှဲတဲ့သူတွေ မြက်နှုတ်တဲ့ သူတွေကလည်း သူ့အဖွဲ့နဲ့သူ၊ သန့်စင်ခန်းတွေ သန့်ရှင်းရေး လုပ်နေတဲ့သူတွေကလည်း သူ့အဖွဲ့နဲ့သူ စသဖြင့် ပြောပြောဆိုဆို ပျော်ပျော်ပါးပါး တစ်ယောက် တစ်လှည့် ကျောင်းသားလက် ဆောင်ရွက်နေကြသည်။
"ကဲ အားလုံးလက်စသက်ကြတော့ ကျောင်းတက်တော့မယ်"
မော်နီတာ ပြောသံကြားလို့ နာရီကြည်လိုက်တော့ (၈) နာရီ ထိုးခါနီးပြီ။ ကျွန်တော်တို့လည်း ခြေ လက် ဆေးပြီး ကျောင်းပေါ်ပြန်တက်ခဲ့ကြသည်။ နေ့ တစ်နေ့ကို အဓိပ္ပါယ်ရှိရှိ စတင်ခဲ့ပြီ ...။
××××××××××××××××
အခန်း (၂)
"ဒီနေ့ တီချယ် ကျောင်းမလာဘူး"
လျှမ်းထက်ကို က ကျွန်တော့်ကို ပြောလာသည်။
"ဟုတ်လား ... ဒါဆို အခုချိန်က Bio ချိန်ပေါ့"
"အေးနော် ... ဟာ ဒီနေ့ Bio (၄) ချိန်တောင်ပေါ့"
"ဟူးးးး"
အမှန်ပြောရလျှင် ကျွန်တော်တို့သည် ဆရာမများ သတ်မှတ်ထားသည့် သိပ်တောသော ကျောင်းသားများ စာရင်းတွင် မပါဝင်ပါ။ ထို့ကြောင့် စာမေးသည့် အချိန်ဆို ကြောက်ပါသည်။
အတန်းပိုင်းဆရာမ ကျောင်းမလာနိုင်ခဲ့လျှင် တွဲဖက်အတန်းပိုင်းက အတန်းပိုင်၏ အချိန်ကို ဝင်ပေးရသည်။ ပထမ အချိန် သေချာသော်လည်း နောက်ပိုင်းအချိန်များမှာ တွဲဖက်အတန်းပိုင် ဆရာမ အချိန် အားမှသာ ဝင်နိုင်သည်။ မဝင်နိုင်လျှင် အခြား အချိန် လွတ်နေသော ဆရာမတစ်ယောက်က ဝင်ရသည်။ ယခု Bio (၄) ချိန်ဟု ဆိုလိုက်ခြင်းမှာ ကျွန်တော်တို့ အတန်းပိုင် ဆရာမ၏ အင်္ဂလိပ်အချိန် (၂) ချိန်၊ တွဲဖက်အတန်းပိုင်း ဆရာမ၏ ဇီဝဗေဒ အချိန်က (၂) ချိန် စုစုပေါင်း (၄) ဟု ယေဘုယျ တွက်လိုက်ခြင်း ဖြစ်သည်။
ဇီဝဗေဒ ဘာသာရပ်သည် ကျွန်တော်တို့ ဇီ၀ ကျောင်းသားတိုင်း အားတိုင်းကျက် ပျင်းတိုင်းကျက် လေတိုက်တိုင်းကျက် မိုးရွာတိုင်းကျက် နေပူတိုင်းကျက် နေသည့် ဘာသာဖြစ်သည်။ အိမ်မှာဆိုလျှင်လည်း အဖေက စာမကျက်ဘူးလား ပြောလာသောအခါ ထုတ်ကျက်လေ့ရှိသည့် ဘာသာမှာလည်း ဇီဝဗေဒပင်ဖြစ်သည်။ အတန်းထဲတွင် ဆရာမ စာမေးသော်အခါ မရဆုံး ဘာသာမှာလည်း ဇီဝဗေဒပင် ဖြစ်သည်။ သို့သော် စာမေးပွဲတွင် ဂုဏ်ထူးများ ပန်းတွေဝေနေသည့် အလား ထွက်သည့် ဘာသာမှာလည်း ဇီဝဗေဒပင် ဖြစ်သည်။ ဤကား
ဇီဝဗေဒ ၏ အထာ ပင်ဖြစ်သည်။
××××××××××××××××
အခန်း (၃)
"ငါမနက်တည်းက ၇ ချိန်ဆက်တိုက် ထမင်းစားချိန်ကလွဲပြီး တစ်ချိန်မှ မနားရသေးဘူး"
အဲ့ဒီလို မြန်မာစာဆရာမက ကပြောလိုက်သည့်အခါ ကျွန်တော်လည်း စိတ်ထဲမှာ ပြန်ပြောမိသည်။
"သားတို့လည်း တူတူပါဘဲ တီချယ်ရယ်"
ဆရာမလည်း သူ့အချိန်ပြီးပြီ ဖြစ်၍ ထွက်သွာတော့သည်။
ဘာလိုလိုနဲ့ နံပါတ်(၈) ချိန်ရောက်ခဲ့ပြီ။ နောက်တစ်ချိန်ပြီးလျှင် ကျောင်းလွှတ်တော့မည်။ အဲ့သည်လို တွေးမိတိုင်း စိတ်ဓာတ်က တက်ကြွလာစမြဲ... ။ အားအင်တွေက အသစ်တဖန် မွေးဖွာလာသလိုလို ...။ ယခုက ဆရာမ ဒေါ်သန်းသန်းစီရဲ့ ဓါတုဗေဒ အချိန်ပါ။ ဆရာမ တစ်ယောက်နှင့် တစ်ယောက် အချိန်အကူးအပြောင်း ကာလသည် ၂ မိနစ် ၃ မိနစ်ခန့် လစ်ဟာတတ်သည်။ တစ်ခါတလေတော့ ကွက်တိရောက်လာတတ်သည်။ တစ်ခါတလေ ကျပြန်တော့ ရှေ့ဆရာမ မထွက်ခင် ကတည်းက ကြိုရောက်နေတတ်ပြန်သည်။
"ဟဲ့ရောင် ဒီနှစ် စပိန် လာလီဂါမှာ ဂိုးသွင်းအများဆုံးက ဘယ်သူလဲ"
ကျွန်တော်တို့ အနောက်ခုံမှ မင်းသုကျော်၏ မေးခွန်း ...။
"ဒိုလေး .. ဖြစ်မယ်ထင်တယ်"
မဆိုင်းမတွပင် ကျွန်တော့်အထင်ကို ပြန်ဖြေပေးလိုက်သည်။
"ဟဲ့ရောင် ဘာမှမဟုတ်ဘူး မက်ဆီကွ"
ကျွန်တော်တို့ စကားဝိုင်းထဲ ဖြတ်ဝင်လာသူမှာ အခြားသူ မဟုတ် ကျွန်တော့်ဘေးက လျှမ်းထက်ကို ဖြစ်နေသည်။ သူက ၀၀တုတ်တုတ် ပုပုကွကွနှင့် မျက်နှာသေးသေး ဝိုင်းဝိုင်း ရှိသူဖြစ်သည်။ ခန္ဓာကိုယ် အချိုအစားကလည်း
ဂစ်တာရှိတ် တွေ မယ်ဒလင်ရှိတ် တွေ မဟုတ် ရာဝင်အိုးရှိတ် ဖြစ်သည်။ သူသိသော အဖြစ်အပျက်တစ်ခုခု အကြောင်းအရာ တစ်ခုခုဆို ချက်ကျလက်ကျ ပြောဆိုတတ်သူ တစ်ဦးလည်း ဖြစ်သည်။ အပြင်ပတ်ဝန်းကျင်မှာလည်း နှံ့စပ်သည်။ လူချစ် လူခင်လည်း ပေါများသည်။ ဆရာ ဆရာမများ ဝေရာဝစ္စဆိုလည်း စိတ်ပါ လက်ပါ ဆောင်ရွက်တတ်သူ...။ ထို့ကြောင့် သူသည် ဆရာမများ၏ အချစ်တော် တစ်ယောက်လည်း ဖြစ်နေပြန်သည်။
"သေချာလို့လားကွ"
"ဟာ သေချာတာပေါ့ကွာ .. မက်ဆီမှ မက်ဆီ အစစ်ကွ မက်ဆီ .. မက်ဆီ"
ထိုစဉ် အခန်းဝတွင် ဓာတုဗေဒ ဆရာမ ရောက်နှင့်နေပြီ။ ဆရာမ မျက်နှာ ပျက်သွားသည်ကို ကျွန်တော် သတိထားမိသည်။ မည်သည့်အတွက်ကြောင့်နည်း ကျွန်တော်လည်း မသိ...။
"ဟဲ့ ... ဝတုတ် ထွက်ခဲ့စမ်း"
ဆရာမလည်း စားပွဲနားရောက်သည်နှင့် ချက်ချင်း ဝတုတ်ကို အတန်းပြင်ခေါ်ထုတ်သည်။ အဘယ့်ကြောင့်လဲ ကျွန်တော် မသိ။
"နင်နဲ့ ငါ သူငယ်ချင်းတွေလား"
ထိုမေးခွန်းနှင့် အတူ ဆရာက စားပွဲပေါ်မှ ကြိမ်လုံး အစုတ်လေးနှင့် လျှမ်းထက်ကို၏ လက်မောင်ကြီးကို တစ်ချက် ပုတ်လိုက်သည်။ ကျွန်တော်တို့ အတန်းတွင် ကြိမ်လုံးအစုပ်သာ ထားသည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းမာရေးနှင့် ညီညွှတ်အောင် ဖြစ်သည်။
ရုတ်တရက် ထွက်လာသည့်
"နင်နဲ့ ငါ သူငယ်ချင်းတွေလား"
မေးခွန်ကို လျှမ်းထက်ကို နားမလည်ချေ၊ ဘာ့ကြောင့်မေးသည်ကို သေချာမသိသော်လည်း မျက်နှာငယ်လေးနှင့် ဘုမသိ ဘမသိ ပြန်ဖြေရှာသည်။
"မဟုတ်ပါဘူး တီချယ်"
"မဟုတ်ရင် ခေါ်စရာလားဟဲ့" ပြောပြောဆိုဆိုနှင့် ဆရာမက ကြိမ်လုံးအစုပ်လေးနှင့် သူ့လက်မောင်းကြီးကို ဖတ်ခနဲး ... ဒုတိယအကြိမ် ထပ်ပုတ်လိုက်သည်။ အားမပါသောကြောင့် မနာနိုင်ပါ သို့သော် စပ်ဖျင်းဖျင်းတော့ ဖြစ်နိုင်သည်။ ထိုအခါ လျှမ်းထက်ကိုက ဆရာမ၏ မေးခွန်းကို အဖြေပြန်ပေးတဲ့ပုံစံ ခေါ် စရာ မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပါယ်နှင့် ဘုမသိ ဘမသိ ခေါင်းရမ်းသည်။
ထိုအခါ ဆရာမ က
"နင့် အပြစ် နင်သိတယ်နော်"
အမှန်က လျှမ်းထက်ကို ယခုထိ သူ့အပြစ်ကို သူမသိ၊
ကျွန်တော်လည်း ယခုမှ သဘောပေါက်တော့သည်။ ဆရာမ ဒေါ်သန်းသန်းစီကို လုပ်ဖော်ကိုင်ဖက် ဆရာမများက မမစီ ၊ မစီ စသဖြင့် ခေါ်လေ့ရှိသည်။ ခုနက ကျွန်တော်တို့ စကားဝိုင်းတွင် ဘောလုံးသမား မက်ဆီနဲ့ပတ်သက်ပြီး ပြောနေသည်ကို ဆရာမကကြားပြီး အထင်တော် လွဲသွားခဲ့ခြင်း ဖြစ်သည်။
"တီချယ် သူပြောတဲ့ မက်ဆီက ဘောလုံးသမား မက်ဆီကိုပြောတာပါ တီချယ်"
ကျွန်တော်လည်း ချက်ချင်း ထပြီး ရှင်းပြလိုက်သည်။ ဆရာမလည်း ပြုံတုံးတုံး ဖြစ်သွားသည်။ တစ်ခန်းလုံးလည်း ပြုံးစိပြုံးစိ ဖြစ်ကုန်ကြသည်။ ကံဆိုးသူ မောင်လျှမ်းခမျာမှာတော့ ဘယ်ဘက်လက်မောင်းပေါ်မှာ စပ်ဖျင်းဖျင်းခံစားမှု တစ်ခုနှင့်အတူ ....။
"ဒီနေ့ကစပြီး ဘာစီလိုနာ ပွဲမကြည့်တော့ဘူး"
××××××××××××××××
အခန်း (၄)
အင်မတန်မှ သာယာနာပျော်ဖွယ် ကောင်းသော နံပါတ် (၉) အချိန်၏ အချိန်ကုန် ခေါင်းလောင်းသံ၊ တစ်နည်းအားဖြင့် ကျောင်းဆင်းခေါင်းလောင်းသံသည် မြောက်ဘက်ယွန်းယွန်းမှ ကျွန်တော်တို့ဆီသို့ တစ်စတစ်စ လွှင့်ပျံ့လာတော့သည်။ ကျွန်တော်တို့ အခန်း၏ ထုံးစံကတော့ မိန်းခလေးများကို အရင်ပေးပြန်ပါသည်။ ကျွန်တော်တို့က အမြဲနောက်ဆုံးမှ ပြန်လေ့ရှိသည်။ အခန်းတံခါး စောင့်ပိတ်လိုက် အိမ်ပြန်ချိန် ဇိမ်နဲ့ တစ်လှမ်းချင်း လှမ်းလေ့ရှိသည်။
"လျှမ်းထက် မင်းမပြန်သေးဘူးလား"
"အေး .. မင်းကိုစောင့်နေတာ အတူတူပြန်မယ်လေ"
စက်ဘီးလေး ထောက်ထောက်၍ စောင့်နေရှာသည်။ သူက ခင်ဖို့လည်း ကောင်းသည်။ သူငယ်ချင်းလည်း ပီသသည်။
"အေးကွ ... ဒါဆိုလည်း အတူတူပြန်ကြတာပေါ့"
စက်ဘီးထဲကို အိတ်နဲ့ ထမင်းချိုင့်တွေ ထည့်ပြီး ထွက်မည်အလုပ် ..။
"သားတို့က E ခန်းကလား"
ဆရာမ တစ်ယောက် ရောက်လာသည်။
"ဟုတ်ကဲ့ တီချယ်"
"အေးကွဲ့ သန့်စင်ခန်းတွေ ဒီညနေဘက် ဆေးသွားကြဦး မနက်ဖြန် စစ်ဆေးရေးရှိတယ် သူတို့လာမှဆို မကောင်းဘူးလေ"
"ဗျာ"
အမှန်က ကျွန်တော်တို့ စီစဉ်ထားသည်မှာ မနက်စောစော လာပြီး သန့်ရှင်းရေး လုပ်ကြမည် ဖြစ်သည်။ သို့သော် ဆရာမက မနက်ဖြန် စစ်ဆေးရေး စောစောလာမည် ဆိုတော့ကား...။ မလုပ်သွာပြန်ရင်လည်း မနက်ဖြန် စစ်ဆေးရေး လာလို့ ပြဿနာတက်လျှင် အဆောင်ဂျူတီကျတဲ့ အတန်းက အတန်းပိုင်းဆရာမ အဆူခံထိနိုင်သည်။ ဆရာမ နေမကောင်းလို့ ကျောင်းမလာနိုင်သည့် ရက်တွင် ဒီလိုပြဿနာမျိုး ဖြစ်သည့်အခါ ပြောစရာ ဖြစ်မည်။ တချို့ ဆရာမတွေကလည်း E ခန်းဆို အပြစ်ချည်းလှိမ့်ပြောချင် နေကြသည်။
ထိုကဲ့သို့သော အခြေအနေများမှာလည်း ဆရာ၊ ဆရာမများ ကြားက ပုဂ္ဂိုလ်ရေး ခံစားချက်များကြောင့် ဖြစ်လိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ ကောင်းမွန်သည့် အခြေအနေများ မဟုတ်၊ သို့သော် ထုံးစံလို ဖြစ်နေသည်။
ကျွန်တော်တို့ နှစ်ယောက်လည်း ယောက်ျားလေး သန့်စင်ခန်း သန့်ရှင်းရေး ဝင်လုပ်သည်။ တစ်ယောက်က ရေပုံးဆွဲပေး တစ်ယောက် ဘရပ်နဲ့ တိုက် စသဖြင့် အတွဲညီညီလေး ခပ်မြန်မြန်ပဲ ဆောင်ရွက်လိုက်သည်။ ထိုအချိန်ထိ အားလုံး အဆင်ပြေနေခဲ့သော်လည်း ပြဿနာက ယခုစလေပြီ။ မိန်းခလေ သန့်စင်ခန်း မည်သို့ သန့်ရှင်းရေး လုပ်မည်နည်း?
ကျွန်တော် တို့ E ခန်းကလည်း ကျွန်တော်တို့ နှစ်ယောက်သာ ကျန်တော့သည်။ မလွှတ်သေးသော အခြားခန်းများလည်း ရှိသေးသည်။ ကျွန်တော်တို့မှာ ယခု ရွေးချယ်စရာ တစ်ခုတည်းသာ ရှိသည်။ ထိုတစ်ခုပဲ ရွေးချယ်ရမည်။ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဝင်ဆောင်ရွက်မှရတော့မည်။
"လုပ်သာလုပ် ... သားတို့ရေ ... နောင်ဘ၀ ဒိထက်လှမယ်"
ဆရာမ တစ်ယောက်က အဝေးကနေ လှမ်းအော်ပြီး မြှောက်ပေးရှာသည်။ အခြားအခန်းက ကျောင်းသားတချို့လည်း ကျွန်တော်တို့ကို တအံ့တသြ ကြည့်နေကြသည်။ မတောတဆ မမျှော်လင့်ဘဲ ဖြစ်ခဲ့သည့် လွဲချော်မှုလေး တစ်ခု ဖြစ်သည်။ အားလုံပြီးတော့ ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးမိသည်။ ထိုအပြုံး၏
အဓိပ္ပါယ် ကျွန်တော်တို့ အချင်းချင်းပဲ နားလည်လိမ့်မည်။ အိမ်အပြန်လမ်းဟာ အပြုံးများစွာဖြင့် ...။
××××××××××××××××
အခန်း (၅)
ဒီနေ့မနက်လည်း ကျွန်တော်တို့ အဆောင်ဂျူတီ ရှိနေသေးတဲ့ အတွက်ကြောင့် စောစော ကျောင်းလာပြီး လုပ်စရာရှိသည်များ လုပ်နေကြရသည်။ ထိုအချိန်တွင် ခင်မာသက် တစ်ယောက် ဆပ်ပြာမှုန့်ထုတ် ပျောက်လို့ လိုက်မေးနေရှာသည်။ ခင်မာသက်သည် ကျွန်တော်တို့ အခန်းထဲမှ အလှဘုရင်မလေး တစ်ဦးဖြစ်သည်။ အရပ်သိပ်မမြင့် အသားဖွေးဖွေး မျက်နှာဝိုင်းဝိုင်း ဆံပင်တိုတိုနှင့် စတိုင်ကျသော တစ်ယောက်လည်း ဖြစ်သည်။
သူ ယခု ပျောက်လို့ လိုက်ရှာနေသော ဆပ်ပြာမှုန့်ထုတ်ကို မနေ့ညနေက အမျိုးသမီးသန့်စင်ခန်းရှေ့မှာ ကျွန်တော်တို့ ထားခဲ့ခြင်း ဖြစ်သည်။ အရမ်းချော အရမ်းလှသည့် ကောင်မလေးတွေဆို ကူညီချင်သည်မှာလည်း မဟာပုရိဿ ယောက်ျားတို့၏ မွေးရာပါ အော်ရီဂျင်နယ် စာနာစိတ်ပင် ဖြစ်သည်။ ထို့ ကြောင့် မဆိုင်းမတွပင် ပြောချလိုက်သည်။
"ခင်မာသက် ... ဆပ်ပြာမှုန့်ထုတ်က နင်တို့ မိန်းခလေး သန့်စင်ခန်းမှာ"
သူမ ကျွန်တော့်ကို တအံ့တသြနှင့် ပြန်ကြည့်သည်။ ထိုသို့ကြည့်လိုက်မှ ကျွန်တော်လည်း သဘောပေါက်တော့သည်။
"သေပြီဆရာ"
အမှတ်ရမလားလို့ ဝင်ယူမိပါသည်။ ရှိသည့်အမှတ်ပင် ထပ်ပြုတ်သွားခဲ့သည်။
မည်သို့ရှင်းပြရမည် မသိ၊ ရှင်းပြရအောင်လည်း သူမက ဘာမှမပြော ...။
သို့သော် သူမ စိတ်ထဲမှာတော့ ထင်သွာလိမ့်မည်။
တိုးတက်အောင် ဆိုသည်မှာလည်း ............ ။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
ဗဟိုဆောင်နီနီကြီးဆိုသည်မှာ အ.ထ.က(၁)ပဲခူး ၏ ဆယ်တန်း အဆောင်ကြီးကို ဆိုလိုသည်။

Social Plugin