အကွာအဝေးက လှမ်းခေါ်ရင် ကြားနိုင်ပေမယ့် ... တကယ် မြင်နေရတာထက် ပိုနေတဲ့အခါ ..''အဝေးဆုံး'' လို့်ပဲ သုံးရလိမ့်မယ်။
ပါးပြင်ပေါ်က ပျားရည်လေး တစ်စက်ကို လျှာလေးနဲ့တောင် မယက်ရက်ဘူး။ နှုတ်က ပွင့်တဲ့ စကားပွင့်လေးတွေကိုပဲ ... ရင်ဘတ်ကြီးနဲ့ အရသာခံခဲ့သူ။
ထက်မြတ်တဲ့ မိန်းမဆိုတာကို အဓိပ္ပါယ် မဖွင့်တတ်ခဲ့ဘူးပဲ ဆိုပါတော့။
'အ'လို့ ချစ် ခဲ့ တာ မဟုတ်ဘူး .. မကြည်ပြာ၊
ကျုပ်ရဲ့ အချစ်တွေကိုသာ မကြည်ပြာက ... 'အ' တယ် ထင်နေခဲ့တာပါ။
"အ'' တစ်လုံးတည်းရွတ်ခဲ့လို့ .. သိပ် 'အ' နေ တယ် ထင်ခဲ့လား မကြည်ပြာ?
ဟ ၊ ဟ ၊ ဠ ၊ အ .... အစုံလိုက် ရွတ်ဖို့ဆိုတာ သိပ်အခက်ကြီးမှ မဟုတ်တာ..။
လွယ်ကူတဲ့ ကိစ္စတစ်ခုကိုမှ မကြည်ပြာက .. အမှတ်တွေ ပိုပေးခဲ့တော့ ပါးစပ်အဟောင်းသား လေး ဖြစ်ရတယ် .၊ အစက .. ကြိုသိခဲ့ရင်လေ ..
ဒီမှာ .. မကြည်ပြာ ..
"ကျုပ်လည်း သူ့လောက်တော့ ချစ်တတ်ပါတယ်''
ရွာမှာ နွားမကျောင်း ချင်လို့ .. မြို့တက်ခါမှ ကိုယ်တိုင် နွား ဖြစ်သွားတဲ့
ပုံပြင်လေးတွေ အများကြီးပဲ .. မကြည်ပြာ
နှီးတစ်ပြားလောက် အကွာက ... ကပ်ထွက်သွားတော့ သက်ပြင်းတောင် ချမိတယ်။
အခုလို ဝေးသွားတာကပဲ .. မင်္ဂလာ တစ်ပါးလို့ ဆိုရင် မကြည်ပြာ .. အံကြိတ်နေမှာ သေချာတယ်။
ဘာပဲဖြစ်ဖြစ် တိုက်ဆိုင်မှုလေးတွေ ရှိတိုင်း .. မကြည်ပြာ အကြောင်း တွေးမိပါသေးတယ်။
အကွာအဝေးက လှမ်းခေါ်ရင် ကြားနိုင်ပေမယ့် ... တကယ် မြင်နေရတာထက် ပိုနေတဲ့အခါ ..''အဝေးဆုံး'' လို့်ပဲ သုံးရလိမ့်မယ်။
အနီးဆုံးက ကော်ဖီတစ်ခွက်ဟာ အဝေးဆုံးက မကြည်ပြာကို လွမ်းဖို့ ဖြစ်လာတယ်။
တိုးတက်အောင်(ပဲခူး)
Social Plugin