"တကယ်ချစ်ရင်အပြစ်မမြင်ဘူး" တဲ့
တကယ်တော့ အပြစ်လုပ်ရင် အပြစ်လို့ပဲ မြင်ရမှာပါ။ အမှားလုပ်ရင် အမှားလို့ပဲမြင်ရမှာပါ။ ချစ်ရတဲ့သူ ကိုယ်တိုင် မှားနေရင်တောင် မှားတယ် ပြောကို ပြောရမယ်။ ဖြောင်းဖြနိုင်ရမယ် လမ်းတည့်ပေးရမယ်။ ကိုယ်က သူ့အပေါ် ကလေးတစ်ယောက်လို ဆိုးနေတဲ့အချိန်တွေ ရှိခဲ့ဖူးတယ် ဆိုရင်တောင် မောင်နှမတွေလို ဂရုစိုက်ပြီး မိဘ တစ်ယောက်လိုလည်း ဆုံးမပဲ့ပြင်ပေးရမယ့် အချိန်တွေလည်း ရှိသင့်တယ်။
အချစ်ဆိုတာ ကိုယ်ချစ်ရတဲ့သူအတွက် ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးခြင်းပဲလေ။ တကယ်ချစ်တဲ့သူဆိုတာ ကိုယ်ချစ်ရတဲ့သူကို တန်ဖိုးရှိတဲ့သူ တစ်ယောက်အဖြစ် ရပ်တည်နိုင်အောင် အမြဲတမ်း ကူညီဖေးမပြီး အကြောင်းအမျိုးမျိုးကြောင့် သူနဲ့ မပေါင်းဖက်ဖြစ်ခဲ့ရင်တောင် နမည်ပျက်မရှိဘဲ လှပတဲ့ပုံရိပ်လေးကြောင့် ကောင်းမွန်တဲ့ဘဝလက်တွဲဖော်နဲ့ တွေ့ဆုံပြီး သူ့အနာဂတ်ကို အမြဲတောက်ပနေစေချင်တယ် ။
ဒီတိုင်း ဘာလုပ်လုပ် အပြစ် မဆိုဘဲ ထိုင်ကြည့်နေရင်တော့ အဲ့ဒါဟာ ချစ်ရာ မရောက်တော့ဘဲ နှစ်သလို ဖြစ်သွားတတ်ပါတယ်။ နောက်တစ်မျိုးရှိသေးတယ် တကယ်မချစ်ဘဲ လိုချင် တပ်မက်မှု တစ်ခုတည်းကို အာရုံစိုက်တဲ့သူတွေ အတွက်ကျပြန်တော့လည်း အပြစ်မပြောတော့ဘူး ။ .သူတို့လိုချင်တာ သူတို့ရဲ့သာယာမှုလေ။ မိန်းခလေး တစ်ယောက်ရဲ့ဘဝဖြောင့်ဖြူးဖို့ မဟုတ်ဘူးလေ။
ဒီဘက်ခေတ် ညီမလေးတွေ ဒါတွေကို နားလည်သင့်ပါတယ်။ အဆင်းမှာဘီးတပ်ပေးနေတာကို ချစ်တယ်လို့ တွေးနေကြတယ်။ အဲ့ဒါဟာ အကျနာတတ်တယ်ဆိုတာ သိစေချင်တယ်။
လောကကြီးမှာ တကယ် ချစ်နေတဲ့သူတွေရှိသလို မချစ်ဘဲနဲ့ အတ္တတစ်ခုအတွက် နမ်းရှိုက် နေတဲ့သူတွေလည်းရှိတယ်။ ချစ်တော့ချစ်ပေမယ့် နှစ်သလိုဖြစ်နေတဲ့သူတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် အသိလေးနဲ့ အသေအချာ စဉ်းစားသုံးသပ်ပြီး ချစ်နေတာလား နှစ်နေတာလား မချစ်တာလား ဆင်ခြင်ခွဲခြား သိမြင်နိုင်ကြပါစေ လို့ဆုမွန်တောင်းရင်း ...
"ချစ်လို့ပြောတာ နားထောင်တတ်ကြပါစေ"
တိုးတက်အောင်(ပဲခူး)
Social Plugin