ကျွန်တော့် ဘဝမှာ အများကြီး ဆုံးရှုံးခဲ့ရပြီးပြီ။ ဘယ်ကစပြီး ဆုံးရှုံးတာလဲဆိုရင် ဆယ်တန်းအောင်ကတည်းကစပြီး အိပ်မက်တချို့ဆုံးရှုံးခဲ့ရတယ်။ အဲ့ဒီဆုံးရှုံးမှုတွေကနေ တစ်ဆင့် ဆက်တိုက်ဆိုသလို ကျွန်တော့်ဘဝမှာ တစ်ခုပြီး တစ်ခု ဆုံးရှုံးတယ်။ စိတ်ကူး အိပ်မက်တွေအတွက် တချို့ညတွေကို မျက်ရည်တွေနဲ့ ဖြတ်သန်းခဲ့ရတယ်။
ဆုံးရှုံးမှုတွေနဲ့ စိတ်ညစ်နေတဲ့ အချိန်တွေမှာ လူတချို့ရဲ့ ကိုယ်ချင်းစာတရား ကင်းမဲ့မှုကြောင့် အနှိမ်ခံတစ်ခုလို သဘောထား ခံရပြန်တယ်။ မနေ့တစ်နေ့ကမှ ဆယ်တန်းအောင်တဲ့သူကို အလုပ်မရှိ အကိုင်မရှိဆိုတော့ မွေးကတည်းက CEO ရာထူးနဲ့ ထွက်လာတဲ့သူပဲ လောကကြီးမှာ ရှိသလိုလို။
ဘဝက ထိခရုန်းပင်ပေါ် ပါချထားတဲ့ အသစ်စက်စက် နွားချီးကိုမှ ဖိနပ်မပါဘဲ တက်နင်းမိသလို … ဆူးလည်းဆူး … နံလည်းနံ ဖြစ်နေတဲ့အချိန် ကိုယ်တန်ဖိုး ထားတဲ့သူတစ်ယောက်က ကိုယ်နားက ထွက်သွားတယ်။
ဘဝရဲ့အခက်အခဲဆုံး အချိန်မှာ တစ်ခုတည်းလို့ ထင်ခဲ့တဲ့ အားအင်ကပါ အဝေးဆုံးကို ထွက်သွားတယ်။ ထွက်သွားတာတောင် ရိုးရိုးမထွက်ဘဲ အသုံးမကျတဲ့ လူတစ်ယောက်လို အကြည့်မျိုးနဲ့ နှုတ်ဆက် သွားသေးတယ်။ အဲ့ဒီအကြည့်ကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။
ဘဝက ဘာမှမဟုတ်ရင် ဘာမှလုပ်လို့မရဘူး။ တစ်ခုခုလုပ်ဖို့အတွက် တစ်ခုခု ဟုတ်အောင် ကြိုးစားလို့ ဆုံးဖြတ်ထားတယ်။ ကြိုးစားနေတဲ့အချိန် အရမ်းပင်ပန်လာတဲ့အခါ ရင်ထဲက ဒဏ်တွေကို တစ်ချက် တွေးလိုက်တယ်။ ပင်ပန်းတာတွေ အားလုံး ပျောက်ကုန်တယ်။
ဒဏ်ရာတွေကြောင့် ကျွန်တော် စိတ်ဓာတ်ကျခဲ့ဖူးတယ်။ ဒဏ်ရာတွေကြောင့်ပဲ စိတ်ဓာတ်တွေ ပြန်တက်ခဲ့တယ်။ ဒဏ်ရာတွေက ကျွန်တော့ကို ပြောင်းလဲခဲ့တယ်။ ဒဏ်ရာတွေကြောင့် ကျွန်တော့်အကြောင်း ကျွန်တော် ပိုပြောခွင့်ရလာတယ်။ ဒဏ်ရာတွေကြောင့် ကျွန်တော့်ဘ၀ ကျွန်တော့် စိတ်ကြိုက် ဖန်တီးခွင့်ရလာတယ်။ တစ်နေ့ကျရင် ဒဏ်ရာတွေပေးခဲ့တဲ့ သူတွေကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်။
ကျွန်တော် ရင်ဘတ်ထဲမှာ ဒဏ်ရာတွေကို စုထားတယ်။ အရမ်းပင်ပန်လာတဲ့အခါ အဲ့တာတွေကို ထုတ်ကြည့်တယ်။ စနစ်တကျ အသုံးချတတ်ရင် ဒဏ်ရာဆိုတာ ဘဝအတွက် လောင်စာ တစ်မျိုးဖြစ်နိုင်တယ်။ ကျွန်တော့်ရဲ့ မနက်ဖြန်တိုင်းကို ဒဏ်ရာတွေနဲ့ပဲ မောင်းနှင်တယ်။ ဒဏ်ရာတွေကို ကျွန်တော် မမေ့ချင်ဘူး။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Social Plugin