အချစ်နဲ့ ထိတွေ့ဖူးသူ အများစု အသည်းကွဲဖူး ကြပါလိမ့်မယ်။
အသည်းကွဲပြီး နောက်ပိုင်း ....
✔ လှလှ လန်းလန်းလေးတွေ တွေ့ရင် အရုပ်ကြိုးပြတ် ဖြစ်မနေတော့ပါဘူး။
✔ အရင်လို အညှာမလွယ်တော့ပဲ အညှာခိုင်လာတယ်။
✔ အချစ်တစ်ခုတည်းကို ကြည့်ပြီး ချစ်သူဖြစ်ရင် ကျေနပ်တယ်ဆိုတဲ့ မြီးကောင်ပေါက် အတွေးမျိုးမရှိတော့ဘဲ ရှုထောင့် အမျိုးမျိုးက စဉ်းစားချိန်စတတ်လာတယ်။
✔ငွေနဲ့ဝယ်လို့မရတဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတွေရလိုက်တယ်။
✔ နောက်ကျော ဓားနဲ့ထိုးမယ့် ရန်သူဟာ အနီးဆုံးလူ ဖြစ်နေတတ်တယ် ဆိုတာကို နှလုံးသားနဲ့ရင်းပြီး ကိုယ်တွေ့ သိလိုက်ရတယ်။
✔ ကြုံရတဲ့ အတွေ့အကြုံနဲ့ ရလိုက်တဲ့ သင်ခန်းစာတွေကြောင့် ပိုပြီး ရင့်ကျက်တည်ငြိမ်လာတယ်။
✔ မချစ်ဖူးတော့ အချစ်ရူးဖြစ်ခဲ့တဲ့အတွက် အခုလိုဖြစ်ပြီးနောက်ပိုင်း အချစ်ရူး ဖြစ်ဖို့ ရာခိုင်နှုန်း နည်းလာတယ်။
✔ အချစ်ထဲ ဘဝ ရောက်နေရာကနေ ဘဝထဲ အချစ် ပြန်ရောက်လာတယ်။
✔ အချစ်ကိုကောင်းမွန်စွာ ထိန်းကျောင်းတတ်လာတယ်။
✔ နှလုံးသားလေး တစ်ဖန်ပြန် လန်းဆန်းလာနိုင်ပြီဆိုရင် "အသည်းကွဲတာ အရှုံးမရှိဘူး" လို့ရဲရဲပြောနိုင်တယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)
Social Plugin