အခုနောက်ပိုင်း လူငယ်တွေ ချစ်ကြ ကြိုက်ကြ လမ်းခွဲကြတာဖြစ်ပြီဆို တစ်ယောက်နဲ့ တစ်ယောက် သစ္စာမရှိလို့ ၊ ဟိုတစ်ယောက်က ဒီတစ်ယောက် ရှိနေရဲ့သားနဲ့ ဟိုဘက်က တစ်ယောက်နဲ့ ဘယ်လိုဖြစ်လို့ ဘယ့်နှယ့်က ဘာညာ လမ်းခွဲကြတာနဲ့ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပါပဲ။ ယောက်ျားလေး မိန်းကလေး တစ်ဖြည်းဖြည်း သစ္စာမရှိကြတော့ဘူး။ တစ်ဖက်က ရှိရင် တစ်ဖက်ကမရှိဘူး။
သာမန် သိသင့်သလောက် စောင့်ထိန်း သင့်သလောက်တောင် မသိကြတော့ဘူး။ တန်ဖိုးရှိတဲ့ မိန်းကလေးဆိုတာ ဘယ်လိုမျိုးလဲ တန်ဖိုးရှိတဲ့ ယောက်ျားလေးဆိုတာ ဘာလဲ မသိတော့ဘူး။ ရည်းစား ထည်လဲ မတွဲသင့်သလို မျက်နှာလည်း မများသင့်ဘူး။ အဲ့ဒါဟာ အောင်မြင်မှု တစ်ခုလည်း မဟုတ်ပါဘူး။ အရေးထဲ ဒါတွေဟာ အရေးမကြီးသလိုလို ဂျင်းထည့်တဲ့ ကောင်တွေက ပေါ်ပေါ်လာတယ်။
ယောက်ျားလေးဆိုတာ ယောက်ျားပီသရမယ် ယောက်ျားပီသတယ်ဆိုတာ ဒီဘက်ခေတ် လူငယ်တွေ ပေါက်ကရ တွေးနေကြတယ်။ မိန်းမတစ်ယောက်ကို လက်ထပ်ဖို့ထိ ရည်ရွယ်ပြီး သစ္စာရှိရှိ ချစ်နိုင်ရမယ်။ ဒီဘက်ခေတ် လူငယ်တစ်ချို့က ယောက်ျားမပီသဘူး ဒါပေမယ့် ယောက်ျားမှန်း သိအောင်တော့ သက်သေပြ တတ်ကြတယ်။ ခေတ်ကိုက ဒီလိုတွေဖြစ်လာတော့ သစ္စာရှိဖို့ အရေးကြီးတယ် ဆိုတာကို မသိကြတော့ဘူး။
တချို့မိန်းခလေးတွေ ချစ်သူရဲ့သစ္စာဖောက်ခြင်း ခံရရင် ငိုကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ပြောပြလို့မရတဲ့ ဆုံးရှုံးမှုတွေ ရှိနေခဲ့နိုင်တယ်။ ဒီလိုပါပဲ တချို့ ယောက်ျားလေးတွေလည်း ချစ်သူ သစ္စာဖောက်တာ ခံရရင် ငိုကြပါတယ်။ တစ်ချို့ဆိုရင် အဆိုးဆုံး အခြေအနေအထိ ဖြစ်ကုန်တာတွေရှိတယ်။ မိန်းကလေးတွေ အနေနဲ့လည်း အချိန်မတန်သေးပဲ လိုအပ်တာထက် ပိုမလိုက်လျောမိအောင် ဆင်ခြင နေထိုင်သင့်ပါတယ်။
ဘယ်အရာမဆို နှလုံးသားနဲ့ချည်း ဆုံးဖြတ်နေလို့ မရပါသလို ဦးနှောက်နဲ့ချည်း ဆုံးဖြတ်နေလို့လည်း မရပြန်ဘူး။ နှလုံးသားအလိုကို လိုက်လွန်းရင်လည်း ရူးမိုက်ရာ ကျသွားတတ်ပါတယ်။ ဦးနှောက် အလိုလိုက်လွန်းရင်လည်း ခံစားချက်မရှိတဲ့ လူတစ်ယောက် ဖြစ်သွားပြန်ရော ...။
အချစ်ဆိုတာ သဲနာရီလိုပဲ နှလုံးသားထဲမှာ ပြည့်သွားရင် ဦးနှောက်က ဗလာကြီးကို ဖြစ်သွားတယ်။ သစ္စာမရှိတဲ့ သူတစ်ယောက် ကိုယ့်နောက်ကွယ်မှာ တစ်ခြားသူတွေနဲ့ ဟိုလိုလို ဒီလိုလိုဖြစ်နေတဲ့ သူတစ်ယောက်ဆိုရင် ရဲရဲဝံ့ဝံ့ စွန့်လွှတ်လိုက်သင့်ပါပြီ။
စွန့်လွှတ်သင့်တဲ့ လူမှန်း သိနေရဲ့နဲ့ မစွန့်လွှတ်နိုင်ဖြစ်နေတာက နှလုံးသားကြောင့်ပါ။ ဒါဆိုရင် ခံစားချက်ကို အသားပေးလွန်းတဲ့ လူတစ်ယောက်ဖြစ်နေပါပြီ။ ဒါကို မပြင်နိုင်ဘဲနဲ့ ရှေ့ဆက်သွား နေရင်တော့ မှားမှန်သိရဲ့နဲ့ ဇွတ်တိုး နေသလိုဖြစ်ပြီး ခံစားချက်က အဆမတန် ကြီးလာတဲ့အခါ ပြေတီဦး ပြောသလိုပဲ ရူးတောင်သွားဦးမယ်။
များသောအားဖြင့် ကျွန်တော်တို့တွေဟာ နှလုံးသားကြောင့် ဦးနှောက်ကို မျက်ကွယ်ပြုထား မိတတ်တယ်။ တကယ်တော့ မျက်ကွယ်ပြု မထားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ အချစ်မှာ နှလုံးသားက အမှားကို အမှန်လို့ မြင်သွားစေနိုင်သလို အမှန်ကိုလည်း အမှားလို့ မြင်သွားစေနိုင်တယ်။ ဦးနှောက်ကျတော့ အမှားကို အမှားလို့ပဲ မြင်စေပြီး အမှန်ကို အမှန်လို့ပဲ မြင်စေပါတယ်။
ဒါ့ကြောင့် အချစ်နဲ့ ပတ်သတ်လာရင် မိန်းကလေးပဲဖြစ်ဖြစ် ယောက်ျားလေးပဲဖြစ်ဖြစ် ဦးနှောက်နဲ့ နှလုံးသား နှစ်ခုလုံး မျှမျှတတဖြစ်အောင်ထားပြီ ဆုံးဖြတ်ချက်များကိုလည်း ရဲရဲဝံ့ဝံ့မှန်မှန်ကန်ကန် ချနိုင်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Social Plugin