သူငယ်ချင်းတွေ ဆုံတိုင်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြောကြတယ်။ တစ်ယောက်အတွေ့အကြုံ တစ်ယောက် မျှဝေကြတယ်။ ကျွန်တော်က သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အကျင့်ရှိတယ်။ တစ်ရက်ကျ လက်ဖက်ရည်ဆိုင် ထိုင်ကြရင်း သူငယ်ချင်း တစ်ယောက်က သူ့သူငယ်ချင်း တစ်ယောက်ကို ခေါ်လာတယ်။
▌ကျွန်တော် တော်တော်ညံ့ခဲ့တယ်။
တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြ ရယ်စရာတွေ ပြောကြနဲ့ အဲ့ဒီသူငယ်ချင်း ခေါ်လာတဲ့ ငတိပြောတဲ့အကြောင်း တွေထဲမှာ ကောင်မလေး တစ်ယောက်အကြောင်း ပါလာတယ်။
ကျွန်တော်လည်း ဒီတိုင်းပဲ နားထောင်နေလိုက်တယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ကျော်က ကောင်မလေး တစ်ယောက်ကို သူလိုက်ခဲ့ဖူးတဲ့ အကြောင်း ၊ ကောင်မလေးကလည်း သူ့ကို ပြန်ကြိုက်တော့မယ့် ဆဲဆဲ သူတို့ အဆက်အသွယ် ပြတ်သွား ကြတယ် ဆိုတဲ့အကြောင်း စသဖြင့် တော်ကီတွေ မွှန်ထူနေအောင် ကြွားလုံးထုတ် ပြောတယ်။ ကျွန်တော် အသာပဲ နားထောင်နေ လိုက်တယ်။
သူပြောနေရင်း တဖြည်းဖြည်း သိလိုက်ရတာက အဲ့ဒီ သူလိုက်တဲ့ ကောင်မလေးဆိုတာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က ကျွန်တော်နဲ့ တွဲနေခဲ့တဲ့ ကောင်မလေး ဖြစ်နေတယ်။ ကျွန်တော် သိလိုက်ရချင်းမှာ စိတ်တိုသလိုလို ဝမ်းနည်းသလိုလို ဟာတာတာကြီး ဖြစ်သွားတယ်။ ဘာပဲပြောပြော ပြီးဆုံးသွားတဲ့ ဇာတ်လမ်း တစ်ပုဒ်ဆိုပေမယ့် .. တရားခံက နှစ်နှစ်ကျော်မှာ ပေါ်လာသလို ခံစားလိုက်ရတယ်။
ဘာပဲပြောပြော ကျွန်တော်က … ရန်ဖြစ်တာတို့ ဘာတို့ ရှောင်တဲ့ အကျင့်ရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ခန္ဓာကိုယ် အရွယ်အစားနဲ့က .. ပုကွကွ နဲ့ ငပိန်ဆိုတော့ ရန်ဖြစ်လို့ ကောင်းတဲ့ အနေအထားမှာ မရှိလို့ပါ။ အားမသန် မာန်လျှော့ .. :D :D ဒါကတော့ ကျွန်တော် မမေ့နိုင်တဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးပေါ့။ အမှတ်တရ တစ်ခုဆိုလည်း ဟုတ်ပါတယ်။ တွေးမိတိုင်းလည်း ပြုံသလိုလို .. ကျွန်တော် တော်တော်ညံ့ခဲ့ပါလား ပေါ့။
▌ငွေကြည်ကို နှစ်ခါပါ ဘုရား
ဒီကိစ္စ ပြောတော့ တိုက်တိုက်ဆိုင်ဆိုင် ရွာက အဖြစ်အပျက်လေး တစ်ခုလည်း ပြန်ပြောင်း သတိရမိတယ်။ ကျွန်တော့် ကိုယ်တွေ့ မဟုတ်ပေမယ့် ရွာမှာတော့ ရာဇဝင်ကို ဖြစ်သွားတဲ့ အကြောင်းအရာလေးပါ။
ရွာမှာ ကျော်စိန်ဆိုတဲ့ လူ တစ်ယောက်ရှိတယ်။ သူက အဲ့ဒီလိုပဲ အကြွားသန်တယ်။ ရွာက ချောပေ့ လှပေ့ ဆိုတဲ့ သူ တော်တော်များများ သူနဲ့ အမြဲ ပတ်သက်ခဲ့ဖူးသလို ပြောတယ်။ တကယ်လည်း မဟုတ်ပါဘူး။ ဒီတိုင်း လိုက်ပြောတာ … ။ ရယ်စရာ ကောင်းတာပေါ့။
တစ်ရက်ကျ ကိုကျော်စိန်က ရွာဘုန်းကြီး ကျောင်းက ဘုန်ကြီးတစ်ပါးကို သွားပင့်တယ်။ ကိုကျော်စိန် ထုံးစံ အတိုင်း ကြွားစရာမရှိ ဘုန်းကြီးကို ကြွားတော့တာပဲ။ လမ်းမှာ တွေ့သမျှ .. မိန်းခလေးတိုင်း တပည့်တော်နဲ့ ဘယ်လို .. ဘယ်နှယ့်က ဘာညာ .။ ဆရာတော်က ဘာမှပြန်မပြောပါဘူး။
လမ်းတစ်လမ်းကို အဝင်ကျ ဆရာတော်က ပြောပါတယ်။
“ကို ကျော်စိန် .. တော်တော့ မဟုတ်တာတွေ မပြောနဲ့တော့”
ဆရာတော် တားရတဲ့ အကြောင်းက အဲ့ဒီလမ်းထဲမှာ ဆရာတော့် တူမလေး ငွေကြည် ဆိုတာ ရှိတယ်။ ဆရာတော်ကလည်း သိတယ်။ ဒီကောင် ပြောတော့မယ် ဆိုတာ။
ကိုကျော်စိန်က ဘုမသိ ဘမသိနဲ့ … တိုက်တိုက်ဆိုင်ဆိုင် ငွေကြည်တို့ အိမ်ရှေ့ကလည်း ဖြတ်ရော ..။
“အရှင်ဘုရား .. တပည့်တော် အဲ့ဒီ ငွေကြည် ကိုလည်း နှစ်ခါ ပါ ဘုရား”
အဲ့ဒီမှာ ဆရာတော်နဲ့ ကိုကျော်စိန်တို့ ပုဝါမကူ ရေမရှူစတမ်း … မြေကြီး ကြိုးဝိုင်ထက်မှာ ဆော်ကြပါလေရော။ အဲ့ဒီနေ့ကနေစလိုက်တဲ့ အဖြစ်ဟာ ရွာမှာ “ငွေကြည်ကို နှစ်ခါ” ဆိုတဲ့ ပါးစပ်ရာဇဝင်ကို ဖြစ်သွားတော့တာပဲ။
▌ ရွှေထီးကြီး တဝင်းဝင်းနဲ့
ဒီလိုကိစ္စတွေ ကြုံဖူး၊ ကြားဖူး မြင်ဖူး တွေ့ဖူးပြီး နောက်ပိုင်း ကျွန်တော် ရည်းစားဟောင်းတွေနဲ့ ပတ်သက်ပြီး ဘယ်သူဘယ်ဝါ သိပ်မပြောရဲတော့ဘူး။ ခ်ခ် ။ မတော်တဆ ကိုယ် ပြောမိတဲ့သူဟာ အဲ့ဒီတစ်ယောက်ကို ကြိုက်နေတဲ့ တစ်ယောက်လည်း ဖြစ်နိုင်တယ်။ ကြိုက်ဖူးတဲ့ သူလည်း ဖြစ်နိုင်တယ်။
အဲ့ဒီတစ်ယောက်ရဲ့ လက်ရှိရည်းစားလည်း ဖြစ်နိုင်တယ်။ အဲ့ဒီ တစ်ယောက်ရဲ့ အကိုတွေ ဦးလေးတွေလည်း ဖြစ်နေနိုင်တယ်လေ။
အဲ့ဒီအခါကျ ကိုယ်က မဟာဗန္ဓုလ ဓနုဖြူမှာ တိုက်သလို … ရွှေထီးကြီး တဝင်းဝင်း . လို ဖြစ်သွားမှာ။. ကိုယ်ကသာ သူ့ကို မမြင်ရတာ သူ့ဘက်ကနေ ကြည့်ရင်တော့ ရွှေထီးကြီး တဝင်းဝင်းနဲ့ ပစ်လို့ သိပ်ကောင်းတယ်။ အဲ့ကျမှ ရှယ်ဂွမ်းမှာ ..။ အဲ့ဒါကြောင့် နောက်ဆုံး ပြောချင်တာကတော့ ရည်းစားဟောင်းတွေ အကြောင်းနဲ့ လက်ရှိရည်းစားတွေအကြောင်း ကြွားရင် ကြည့်ကြွားကြပါလို့ .. သတိပေးနှိုးဆော်ရင်း …။
ချစ်ခြင်းများစွာဖြင့်
တိုးတက်အောင်(ပဲခူး)

Social Plugin