အိပ်မပျော်တာနဲ့ ကျွန်တော့် ဘဝတစ်လျှောက်လုံး ဘယ်လောက်အိပ်ခဲ့လဲ တွက်ချက်မိတယ်။
ကိန်းဂဏန်းတွေကိုကြည့်ပြီး အံ့အားသင့်ရတယ်။
_
နေ့စဉ် (၆) နာရီပဲ အိပ်တဲ့ လူတစ်ယောက်ဟာ တစ်နှစ်ကြာတဲ့အခါမှာ သူအိပ်ခဲ့တဲ့ အချိန်နာရီပေါင်း (၂,၁၉၀) နာရီ ရှိတယ်။ ရက်နဲ့ တွက်ရင် (၉၁) ရက် နဲ့ အစွန်းထွက် (၆) နာရီ ရှိတယ်။ ဒါဆိုသူဟာ တစ်နှစ်မှာ (၃) လ လောက် အိပ်နေခဲ့တယ်။ ရာခိုင်းနှုန်းအားဖြင့် တစ်နှစ်ရဲ့ (၂၅ %) က သူ့ရဲ့ အိပ်ချိန်ပဲ၊
_
နေ့စဉ် (၇) နာရီပဲ အိပ်တဲ့ လူတစ်ယောက်ဟာ တစ်နှစ်ကြာတဲ့အခါမှာ သူအိပ်ခဲ့တဲ့ အချိန်နာရီပေါင်း (၂,၅၅၅) နာရီ ရှိတယ်။ ရက်နဲ့ တွက်ရင် (၁၀၆) ရက်နဲ့ အစွန်းထွက် (၁၀) နာရီ ကျော်ကျော် ရှိတယ်။ ရာခိုင်းနှုန်းအားဖြင့် တစ်နှစ်ရဲ့ (၂၉ %) က သူ့ရဲ့ အိပ်ချိန်ပဲ၊
_
နေ့စဉ် (၈) နာရီပဲ အိပ်တဲ့ လူတစ်ယောက်ဟာ တစ်နှစ်ကြာတဲ့အခါမှာ သူအိပ်ခဲ့တဲ့ အချိန်နာရီပေါင်း (၂,၉၂၆) နာရီ ရှိတယ်။ ရက်နဲ့ တွက်ရင် (၁၂၁) ရက်နဲ့ အစွန်းထွက် (၁၅) နာရီ ကျော်ကျော် ရှိတယ်။ တစ်နှစ်မှာ (၄) လလောက်က သူအိပ်နေခဲ့တယ်။ ရာခိုင်းနှုန်းအားဖြင့် တစ်နှစ်ရဲ့ (၃၃ %) က သူ့ရဲ့ အိပ်ချိန်ပဲ၊
_
တစ်ဆက်တည်း ကျွန်တော့် အသက် (၁၉) ဆိုတော့ ဒီအရွယ်ထိ ကျွန်တော် ဘယ်လောက် အိပ်ခဲ့ပြီးပြီးလဲ တွက်ကြည့်မိတယ်။ နေ့စဉ် အနည်းဆုံး ပျှမ်းမျှ (၇) နာရီလောက်တော့ အိပ်ပါတယ်။ ကျွန်တော် အိပ်ခဲ့တဲ့ အချိန်က (၁၉) နှစ်အထိ ဆိုရင် နာရီ (၄၈,၅၄၅) လောက်ကို အိပ်ခဲ့တယ်။ အချိန်အားဖြင့် တွက်လိုက်တော့ (၅) နှစ်ခွဲ ပမာဏရှိတယ်။ ပျှမ်းမျှဆိုပေမယ့် ဒီကိန်းဂဏန်းထက် လျော့စရာမရှိပါဘူး၊ ဒီထက်ပိုများဖို့ပဲ ရှိတယ်။
သိလိုက်ရတာက ..၊
ကျွန်တော့် အသက် (၁၉) နှစ်မှာ (၅) နှစ်ခွဲလောက်က အိပ်နေရင်းနဲ့ ကုန်ဆုံးခဲ့တာ ..၊
ဒါဆိုကျွန်တော် လောကကြီးထဲ တကယ် ရှင်သန်ရတဲ့ အတွေ့အကြုံက (၁၄) နှစ်ပဲ ရှိသေးတယ်လို့ ပြောလို့ရတယ်။
_
ဒါဆို အသက် (၆၀) အရွယ် လူတစ်ယောက်ဆိုရင် (၁၇) နှစ်ကျော်လောက်က အိပ်ခဲ့ပြီးပြီ ပြောလို့ရတယ်။ သူ တကယ်ရှင်သန်ရတဲ့ အတွေ့အကြုံက (၄၃) နှစ်ပဲ ရှိတယ်။ ကျန်တာတွေက အိပ်နေခဲ့တာ၊
စိတ်ဝင်စားစရာ ကောင်းတယ်နော်၊ ဘာရယ်မဟုတ်ဘူး အိပ်မပျော်လို့ တွက်ကြည့်တာ . ခင်ဗျားတို့လည်း ပျင်းရင် တွက်ကြည့်..၊
တိုးတက်အောင်(ပဲခူး)
Social Plugin